ပျောက်တဲ့မနက် (၂၅-၆-၂၀၂၀) မနက်ဘက် ရန်ကုန်မှာရှိနေရာကနေ မိသားစုနဲ့အတူ ကားနဲ့ပြန်လာပါတယ်။ ဘားအံကို နေ့လည်မှာရောက်ရှိပါတယ်။ဘားအံတက္ကသိုလ်မှာ ဂုဏ်ထူးတန်း ပထမနှစ်တက်နေတဲ့ အဆောင်နေ အသက် ၂၀ ဝန်းကျင် ကျောင်းသူတစ်ယောက်ပါ။
သူမမှာစိတ်ညစ်စရာ မိသားစုပြသာနာရှိပါတယ်။ အစကတော့ မရေးပြ မပြောပြတော့ဘူးလို့ထားပေမယ့် သို့လော သို့လောနဲ့ အများထင်နေပြီး ဟိုမှာဘယ်လိုတွေ့တယ် ဒီမှာဘယ်လိုတွေ့တယ်ဆိုတဲ့ ကွန်းမန့်တွေကို စကရင်ရှော့ ရိုက်ရင်း ပျံ့နှံ့နေတာမို့ အနည်းငယ် အသိပေးရချင်းပါ။
အဲ့ဒီနေ့ ရန်ကုန်ကပြန်အလာ သင်တန်းတစ်ခုတက်တာ နေ့လည် (၂) နာရီကျော်ကျော်လောက်မှာ ပြီးပါတယ်။သူ့သူငယ်ချင်းကို မတက်ခင်ညကတောင်တက်ဖို့ခေါ်တယ်။
(သူ့သူငယ်ချင်းမေးတာ) Tg paw Ko bar Tat lote my II May Tok) (တောင်ပေါ်ကို ဘာတက်လုပ်မှာလဲ (သူပြန်ဖြေတာ) I wall do.I can’t live anymore lh pyn phay tl (ငါလုပ်တော့မယ်။ အသက် ဆက်မရှင်ချင်တော့ဘူး)
သူ့သူငယ်ချင်းနဲ့ နောက်ဆုံးတွေ့ပြီး မုန့်စားချိန် သူငိုဝမ်းနည်းပြီးငိုတယ်။ သူ့သူငယ်ချင်းကို လိမ်လိမ်မာမာနေဖို့ မှာသွားတယ်။ မုန့်အတူစားကြပါသေးတယ်။ သူနဲ့အတူ သူငယ်ချင်းကို ဇွဲကပင်တက်ဖို့ခေါ်ပါတယ်။ သူ့သူငယ်ချင်းက မလိုက်တော့ သူပဲ တစ်ယောက်ထဲပဲတက်သွားပါတယ်။(သူ့သူငယ်ချင်းကို အရင်အခါတွေက အဆုံးစီရင်ဖို့ ၂ ခါရင်ဖွင့်ဖူးတယ်။သူ့သူငယ်ချင်းတွေက ဖြောင်းဖြလို့ သူအဲ့ဒီအခါတွေက မလုပ်ခဲ့ဘူး)
သူမနေ့ညနေက ဇွဲကပင်အနောက်ဘက်ခြမ်း လုဗ္မိနီဥယျဉ်ဘက်နေ အလှူခံဌာနမှာ ငွေ (၅၀၀၀) လှူပြီး တောင်ပေါ်ကိုတက်ပါတယ်။အထက်ရေတံခွန်နားမှာ သူစီးသွားတဲ့ ဖိနပ်ကို ချွတ်ထားလျှက် တွေ့ရှိရပါတယ်။ကောင်မလေးစီးလာတဲ့ဆိုင်ကယ်ကို တောင်ခြေက ဆိုင်ကယ်အပ်တဲ့ဌာနမှာ အပ်ခဲ့ပါတယ်။(မီးသတ်တပ်ဖွဲ့ဝင်များမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ရင်းတွေ့ရတာပါ။) ရဲတပ်ဖွဲ့မှာ Drone နဲ့ထပ်မံတက်ရှာပေမယ့် drone သေးနေပြီး အပင်များရှိတာကြောင့် ရှာဖွေမရပါဘူး။
ညနေ ၃:၃၀ အချိန်မှာ ဇွဲကပင်တောင်အမြဲတက်နေတဲ့ သူများမှာ ဇွဲကပင်တောင်စေတီအနီး ကရင်မောင်နှမနတ်နန်းအပေါ်ဘက်ခြမ်း ရေကန်အနီး ကျောက်ကမ်းပါးအကွေ့ ကျောက်စွန်းရဲ့ ကျောက်(၂) လုံးကြားမှာတွေ့ပါတယ်။သူ့အမေက သူ့သမီးဆိုင်ကယ်သော့ဖြစ်ကြောင်း အတည်ပြုပါတယ်။(ဆိုင်ကယ်သော့တွေ့တာ တောင်အမြဲတက်နေတဲ့ အနီးအနားကျေးရွာက ရွာသားတစ်ယောက်တွေ့ခဲ့တာဖြစ်ပြီး သော့တွေ့သူကိုယ်တိုင် နောက်တစ်ခါဇွဲကပင်တောင်ကို ချက်ချင်းပြန်တက်ပြီး နေရာအမှတ်အသားပြသပေးခြင်းနဲ့တခြားလိုအပ်တာတွေကို အပင်ပန်းခံကူညီပေးသွားပါတယ်။)
(၁) ကောင်မလေးဟာ ဇွဲကပင်တောင်မတက်ခင် မိသားစုပြသာနာကြောင့် စိတ်တအားထိခိုက်နေပါတယ်။(သူ့မိခင်ပြောပြချက်အရ သူဟာ မိသားစုနဲ့ သူ့အစ်ကိုကို အရမ်းချစ်တဲ့သူတစ်ယောက်ဖြစ်ပြီး အဲ့ဒီကိစ္စတွေနဲ့ စိတ်ထိခိုက်နေပါတယ်)
(၂) ကောင်မလေးမှာ ချစ်သူ ရည်းစား လုံးဝမရှိပါ။သူ့နဲ့အနီးဆုံးနေသည့် မိန်းကလေးသူငယ်ချင်းများစွာကိုရော သေချာမေးမြန်းခဲ့ပါတယ်။ဒီခေတ်ကလဲ ရည်းစားသာမက ရည်းစားဟောင်း ရှိခဲ့ရင်တောင် ဘယ်လိုဖြစ်ဖြစ်သိနိုင်တဲ့ အခြေအနေမျိုးပါ။သူ့ ဖေ့ဘုတ် အကောင့် ဂျီမေး ထဲမှာအချက်အလက်တွေကိုရော ရှာဖွေစစ်ဆေးချက်များအရ လုံးဝ ချစ်သူ ရည်းစား မရှိပါ။
(၃) ကောင်မလေးရဲ့ နောက်ဆုံးပို့တဲ့ အင်္ဂလိပ်စာလုံး မက်ဆေ့ က သံသယဖြစ်ဖွယ်ရာ တွေ့ရှိရပါတယ်။
ယနေ့မနက် ၁၀ နာရီဝန်းကျင်မှာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ့က ကရင်မောင်နှမ နတ်နန်းအနီး ပေ ၃၀၀ ခန့်အနက်ရှိချောက်ကမ်းပါးအောက်တွင် ကောင်မလေးအလောင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။